ညီလာခံ
ခရစ္စတယ်ခန်းမ
![Lotte Hotel Yangon-Banquet & Conference-Crystal Ballroom](/content/dam/lotte-hotel/lotte/yangon/convention/meetings/crystalballroom/180712-5-2000-con-yangon-hotel.jpg.thumb.1920.1920.jpg)
![Lotte Hotel Yangon-Banquet & Conference-Crystal Ballroom](/content/dam/lotte-hotel/lotte/yangon/convention/meetings/crystalballroom/180712-4-2000-con-yangon-hotel.jpg.thumb.1920.1920.jpg)
![Lotte Hotel Yangon-Banquet & Conference-Crystal Ballroom](/content/dam/lotte-hotel/lotte/yangon/convention/meetings/crystalballroom/180712-2-2000-con-yangon-hotel.jpg.thumb.1920.1920.jpg)
LOTTE Hotel ရန်ကုန် တွင် မည်သည့် အခန်းအနား ပွဲလမ်းအတွက်မဆို အမြဲအမှတ်ရစေမည့် ကြယ်ငါးပွင့် ဝန်ဆောင်မှုတစ်ခု ပေးအပ်ရန် ဒီဇိုင်းပုံဖော်ထားသည့် ကြီးကျယ် ခန်းနားသော၊ လက်တွေ့ကျ အသုံးဝင်သော ဂုဏ်ပြုထမင်းဝိုင်း ခန်းမများနှင့် အစည်းအဝေး ခန်းမများရှိသည့် ပြီးပြည့်စုံသော စီစဉ်ခင်းကျင်းမှု တစ်ခုရှိပါသည်။
အခန်းအနားပွဲ အားလုံးနှင့် သင့်တော်ရန် မိမိတို့၏ မျက်စိပသာဒရှိသော လက်ရွေးစင် ခန်းမဆောင်များကို အသုံးပြုသူစိတ်ကြိုက် စီစဉ်ပေးပါသည် - LOTTE Hotel ရန်ကုန်၏ ရင်သပ်ရှုမောဖွယ်ကောင်းသော ခန်းမကြီးများအတွင်း တည်ရှိပါသည်၊ မိမိတို့၏ အခန်းများသည် နိုင်ငံတကာ အစည်းအဝေးပွဲများ၊ စီးပွားရေးလုပ်ငန်း နှီးနှောဖလှယ်ပွဲများ၊ ထုတ်ကုန်အသစ် မိတ်ဆက်ပွဲများ၊ ပါတီများ၊ မင်္ဂလာဧည့်ခံပွဲများနှင့် မိသားစု စုံညီစုဝေးပွဲများအတွက် စွဲမက်ဖွယ်ကောင်းသော နောက်ခံဇာတ်စင်အဖြစ် ဝန်ဆောင်ပေးပါသည်။
သင်၏ တမူထူးဖြစ်ရပ်များ အစမှအဆုံးထိ အဆင်ပြေချောမွေ့ စွာဖြင့် အောင်မြင် ဖြစ်မြောက်ရေး အာမခံပေးရန် ရန်ကုန်၏ မည်သည့်နေရာကမှ ယှဉ်နိုင်စွမ်း မရှိသော အဆင်ပြေသာယာမှုများနှင့်အတူ LOTTE တွင် ခန်းမဆောင် ရှိပါသည်။ ကျွန်ုပ်တို့ဆောင်ရွက်သည်မှန်သမျှတိုင်းကို အနုစိတ် လုပ်ကိုင်သလို၊ ပညာရှင်ဆန်သော၊ သက်သောင့်သက်သာဖြစ်သော၊ အားစိုက်ထုတ်စရာ မလိုသော အတွေ့အကြုံကို မိမိိတို့၏ ဧည့်သည်တော်များထံ ပေးစွမ်းရေး သင်၏လိုအပ်သတ်မှတ်ချက်များ ဖြည့်ဆည်းပေးရန် ကျွန်ုပ်တို့ ကြိုးပမ်းသွားပါမည်။ သင်၏ လက်ထပ် ထိမ်းမြားမင်္ဂလာယူသည့်နေ့၊ သင်၏အရေးကြီး ကော်ပိုရိတ် တွေ့ဆုံဆွေးနွေးမှု၊ သင်၏ အလွန်အရေးပါသော အစည်းအဝေး ညီလာခံတို့သည် ၎င်းအခန်းအနားများအားလုုံးအတွက် အထင်ကရ အမှတ်ရစရာ နေရာတစ်ခု လိုအပ်ပါသည် - သင်နှင့် သင်၏ဧည့်သည်တော်များ အတွက် အံ့ဖွယ်ထူးကဲပြီး အမှတ်တရ ဖြစ်နေစေမည့် အောင်မြင်မှု တစ်ရပ် ဆွတ်ခူးနိုင်ရေး သင်လိုအပ်သည့် အရာတိုင်းကို ကူညီရယူပေးဖို့ သင့်အတွက် အသင့်ရှိနေကြောင်း LOTTE HOTEL ရန်ကုန် မှ ကတိပြုထားပါသည်။
အခွခေံပညာသတငျးအခကြျအလကျ
-
Capacity450~1000
-
Size962.5㎡
-
LocationGround Floor