Home About LOTTE Notice LOTTE HOTELS & RESORTS COVID-19 ဂလိုဘယ် စောင့်ရှောက်မှုနှင့် သန့်ရှင်းမှု ကတိပြုချက်

News

LOTTE HOTELS & RESORTS COVID-19 ဂလိုဘယ် စောင့်ရှောက်မှုနှင့် သန့်ရှင်းမှု ကတိပြုချက်

2020-05-12

လွန်ခဲ့သော နှစ်ပေါင်း 40 ကတည်းက LOTTE HOTELS & RESORTS သည် ကျွန်ုပ်တို့၏ ဧည့်သည်များအတွက် သန့်ရှင်းပြီး ဘေးကင်းသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရခြင်းအတွက် ဂုဏ်ယူလျက်ရှိပြီး ၎င်းကို ကျွန်ုပ်တို့၏ ဦးစားပေးအဖြစ် လုပ်ဆောင်လျက်ရှိပါသည်။
ထိုနည်းတူစွာပင် ဇန်နဝါရီလ 24 ရက်တွင် LOTTE HOTELS & RESORTS သည် ကျွန်ုပ်တို့၏ ဧည့်သည်များ၏ ဘေးကင်းရေးကို သေချာစေရန်နှင် သန့်ရှင်းသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားနိုင်ရန် ကိုရီးယားနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဟိုတယ်အားလုံးတွင် COVID-19 ဖြေရှင်းရေးစည်းမျဉ်းများ ချမှတ်ပြီး လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

- မျှဝေသုံးနေရာများ
ဓာတ်လှေကားများ အပါအဝင် မျှဝေသုံးနေရာအားလုံးကို ပုံမှန် ပိုးသတ်ပေးလျက် ရှိပါသည်။ ဧည့်ခန်းဆောင်တွင် ထားရှိသော ကော်ဇောများနှင့် ဆိုဖာများကို တစ်နေ့လျှင် နှစ်ကြိမ် ပိုးသတ်ပေးပြီး ဓာတ်လှေကား ခလုတ်များ၊ မီနျူးများနှင့် လက်ကိုင်များကဲ့သို့သော ထိတွေ့မှုများသည့် မျက်နှာပြင်များကို တစ်နာရီတစ်ကြိမ် ပိုးသတ်ပေးသည်။

- အခန်း စီမံခန့်ခွဲရေး
အခန်းအားလုံးကို “သန့်ရှင်းသော ဇုန်” အဆင့်အထိ ပိုးသတ်ပေးသည်။ ထို့အပြင် နားနေခန်းများကိုလည်း ပိုးသတ်ပေးပြီး ကျွန်ုပ်တို့၏ ဧည့်သည်များ ဘေးကင်းစိတ်ချရစေရန် “ပိုးသတ်ထားသော အခန်း” ဟု ဖော်ပြသည့် သန့်ရှင်းသောဇုန် စတစ်ကာကိုလည်း ကပ်ထားပါသည်။

- လက်သန့်ဆေးရည်များ
လက်သန့်ရှင်းရေးအတွက် WHO လမ်းညွှန်ချက်များက စက္ကန့် 30 ကြာအောင် ဆပ်ပြာ သို့မဟုတ် လက်ဆေးရည်ဖြင့် မကြာခဏ လက်သန့်ရှင်းခြင်းကို အကြံပြုပါသည်။ ထို့ကြောင့် LOTTE HOTELS & RESORTS သည် ကျွန်ုပ်တို့၏ ဧည့်သည်များအနေဖြင့် ၎င်းတို့၏ လက်များကို အချိန်တိုင်း ပိုးမွှားကင်းရှင်းနိုင်စေရန် မျှဝေသုံးနေရာများနှင့် လုပ်ငန်းသုံးနေရာအားလုံးတွင် လက်သန့်ဆေးရည်များ ထားရှိပါသည်။

- ကိုယ်အပူချိန်တိုင်းခြင်းနှင့် ရောဂါလက္ခဏာများကို စစ်ဆေးခြင်း
ဝန်ထမ်းနှင့် ဧည့်သည်အားလုံး၏ ကိုယ်အပူချိန်ကို ဆက်တိုက် စောင့်ကြည့်ရန် သာမိုဂရပ်ဖစ် ကင်မရာများကို ကျွန်ုပ်တို့ တပ်ဆင်ထားပါသည်။ ဟိုတယ်တွင်း ဝင်ရောက်လာသူတိုင်း၏ ကိုယ်အပူချိန်ကို ထောက်လှမ်းရန် ထိကိုင်ရန်မလိုသော သာမိုမီတာကိုလည်း ကျွန်ုပ်တို့ အသုံးပြုပါသည်။ အဖျားကြီးမှု သို့မဟုတ် အခြား ရောဂါလက္ခဏာများကို စစ်ရန် ဧည့်သည်အားလုံးအား စာရင်းပေးပြီးနောက် စစ်တမ်းမေးခွန်းလွှာကို ဖြည့်စွက်ပေးခိုင်းပါမည်။

- ဝန်ထမ်းအားလုံးအတွက် မဖြစ်မနေ နှာခေါင်းစည်းများ
LOTTE HOTELS & RESORTS ရှိ ဝန်ထမ်းအားလုံးက တာဝန်ထမ်းဆောင်စဉ် နှာခေါင်းစည်းကို ဝတ်ဆင်ရပါမည်။

သင်၏ မဆုတ်မနစ်သော ပံ့ပိုးပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။ LOTTE HOTELS & RESORTS တွင် အပန်းဖြေနေထိုင်စဉ် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးသွားပါမည်။
ကျေးဇူးတင်ပါသည်။